ဘန်ကောက်မှာ ဆေးကုမယ် ဆိုရင် သတိထား သင့်တဲ့ အချက်များ မောင်မျိုးမင်းပြော


ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေကို ခွဲထုတ်ပစ်ဖို့ အတွက် ဘန်ကောက်မှာ တစ်လကြာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ “ဦးမျိုး အရင် အာရှတော်ဝင်က ကျန်ခဲ့တဲ့ ပိုက်ကို ဘန်ကောက်မှာ သွားထုတ် ရင်း ညာဘက်ခြမ်းမှာ ရှိတဲ့ ကျောက် ကပ်ထဲကကျောက်တွေကို ထုတ်ခဲ့ တယ်။ နောက် ၃ လကြာရင် ပြန်လာ ထပ်ထုတ်ဖို့ မှာလိုက်တယ်။ နှစ်ခု လုံးတစ်ပြိုင်နက် ထုတ်ရင် မခံနိုင်မှာ စိုးလို့လေ။ ၃ လကြာရင်တော့ ခံနိုင် သွားပြီ။ ဒါပေမဲ့ ဦးမျိုးက အလုပ်များ လို့ မသွားဖြစ် တာ ၂ နှစ်ကျော်ကြာ တယ်။ အခု အချိန်မှာ ဆီးချို အတက် အကျတွေ တအားကြမ်းတယ် ။ကျောက်ကပ် လုပ်ဆောင်ချက်တွေ တဖြည်းဖြည်း ကျလာတယ်။ ဆက် ထားရင် အန္တရာယ် များတယ် ဆိုလို့ ကျောက်တွေကို တစ်ခါတည်း အပြတ် ထုတ်ပစ်တာပါ။ ကျောက်တွေက တအားများတယ်။ ဆရာဝန်ကိုယ် တိုင်တောင် တော်တော် အံ့သြယူရတယ်။ တစ်တုံး၊ တစ်တုံး ထုတ်တာ တော် တော် ခံစားရတယ်။ အခုတော့ တော်တော်လေးကောင်း သွားပါပြီ ။ နောက်ပြန် မဖြစ်အောင်တော့ အနေ အထိုင်၊ အစား အသောက်တွေ ဆင်ခြင်ရမယ်” လို့ ပြောပါတယ်။ ဘန်ကောက်မှာ ဆေးသွားကုသတဲ့ အခါ မှာ သတိထားဖို့ အတွက်လည်း သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ် ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
 ကျောက်ကပ် သွားပြမယ်ဆို ရင် တစ်ခုတော့ရှိတယ်။ သူတို့ဆီမှာ ဆရာဝန် အချင်းချင်း ရိုင်းပင်းစောင့် ရှောက်ကြတယ် ခေါ်မလားပေါ့။ ကျောက်ကပ် သွားပြမယ် ဆိုရင် ဦးမျိုးဆီမှာ ဆီးချိုရှိတဲ့ အတွက် ဆီးချို ဆရာဝန် နဲ့ပါ ပြရတယ်။ ဒါအိုကေ တယ်။ နောက်တစ်ခါ ခွဲလိုက်တဲ့အခါ မှာ ခံနိုင်ရည် ရှိဖို့ နှလုံးစမ်းသပ် ကြည့်တယ် ။ နှလုံး စမ်းသပ်တော့ နှလုံး က ကောင်းနေတယ်။ ဒါပေမဲ့ အဲဒီ ဆရာဝန်နဲ့ ဆက်ပြနေရသေး တယ်။ နောက်ပြီးတော့ အာရုံကြော ဆရာဝန် နဲ့ပြရတယ်။ ခေါင်းကို လည်း ဓာတ်မှန် အသေးစိတ်ရိုက် ကြည့်တော့ စိုးရိမ်စရာ မလိုဘူး၊ ခွဲ လို့ရတယ်။ ဒါပေမဲ့ ဆေးတွေ ပေးပြီး သောက်နေရသေးတယ်။ ရောဂါ ၅ မျိုးရှိရင် ဆရာဝန် ၅ ယောက် စာ လောက် ပေးရတယ်။ နောက်ပိုင်း ကျ တော့ ဆရာဝန်တွေ နဲ့ပြခိုင်းရင် ကျွန် တော် မပြချင်တော့ဘူး ဆိုပြီး ပေါ်တင်ပဲ ငြင်းရတယ်။ ခွဲလို့ရ၊ မရ ဘဲ သိချင်တယ် ၊ နှလုံးရောဂါလည်း မကုဘူး ဆိုပြီးဖြတ်ချမှ ပဲရတော့ တယ်။ ပိုက်ဆံက ကုန်ပြီးရင်း ကုန်မှာ လေ။ နောက်ဆုံး အားလုံးပြီးလို့ ဆေး ရုံဆင်းတဲ့ရက်မှာ ဘယ်လောက် ကျ နိုင်လဲ လို့မေးတော့ ဘတ် ၁သိန်း ကျော် ပေးရနိုင်တယ်။ လိုရမည်ရ ဘတ် ၁ သိန်း ၃ သောင်းလောက် ဆောင်ထားပါတဲ့။ ဘတ် ၁ သိန်း ၃ သောင်းလောက်ဆောင် ထားပြီး ဘတ် ၄ သောင်းလောက်ကို အပိုမှာ လိုက်တယ်။ ရန်ကုန်ရုံးကနေ ဘတ် ၁ သိန်း ၇ သောင်း ၇ ထောင့် ၆ ရာ လွှဲလိုက်တယ်။ ပြန်ရင်သုံးဖို့စွဲဖို့ လိုအပ် တာတွေ ဝယ် ဖို့လေ။ ဘေလ် ထွက် လာတော့ ပေးရမယ့် ပိုက်ဆံက ဘတ် ၁ သိန်း ၇ သောင်း ၇ ထောင့် ၆ ရာ ကွက်တိ ဖြစ်နေတယ်။ ဘေလ် ကို အသေးစိတ် ကြည့်ကြည့်တော့မှ အများကြီး လျော့ကျသွားတယ်။ မလို တာတွေ အများကြီးပေါင်းထားတယ်။ အဲဒီလို မလုပ်နဲ့နော် ဆိုပြီး ပြောခဲ့တယ်။ ငါက ဘန်ကောက်က မီဒီယာ ကိုလည်း လက်လှမ်း မီတယ်။ သူတို့ ကို ထုံချိုင်းနဲ့ ရေလောင်းနေတဲ့ ပုံ တွေ၊ ပီးမတ် မင်းသမီးနဲ့ ရိုက်ထားတဲ့ ပုံတွေ၊ Mos နဲ့အလုပ် လုပ်နေတဲ့ပုံ တွေ၊ တခြား ယိုးဒယား ဒါရိုက်တာနဲ့ ပုံတွေ၊ သူ တို့တွေ နဲ့ အပြင်မှာတွေ့ဖူး လားဆိုတော့ မတွေ့ဖူးဘူးတဲ့။ အဲဒီ က မီဒီယာတွေ နဲ့လက်လှမ်းမီပြီး လုပ် လိုက်ရင်ရတယ်။ ဒါပေမဲ့ မလုပ်လိုက် ပါဘူး။ အဲဒီလို မဖြစ် ရအောင် ပေး လာတဲ့ဘေလ်ကို သေချာ စစ်ဖို့လို တယ်။ ဒီမှာပြန်ပြောပြတော့ အဲဒီလို ခံရတဲ့သူတွေ အများကြီး ပေါ်လာကြ တယ်လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment